နိုဝင်ဘာ ၁၀၊၂၀၁၆ -ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်သည် စုငွေလက်ခံသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်ပြီး စင်္ကာပူအခြေစိုက် ရင်းနှီးမြုပ်နှံမှု ဟေမာန်ကက်ပီတယ် ကုမ္ပဏီ ပီတီအီးလီမိတက်မှ နောက်ခံပြု၍ ထောက်ပံ့နေသော ကုမ္ပဏီဖြစ်သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရင်းနှီးမတည်ငွေ ဒေါ်လာ ၄ သန်းထိ တိုးမြင့်ပြီး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားရန် စီမံကိန်းထားရှိပါသည်။

မြန်မာနိုင်ငံအတွက် – ၎င်းကုမ္ပဏီသည် စုစုပေါင်း ရင်းနှီးမတည်ငွေ ဒေါ်လာ ၂၂ သန်းကို ၂၀၁၈ ခုနစ်တွင် ဘဏ်များ ၊ ငွေကြေးအဖွဲ့အစည်းများ ၊ ရှယ်ယာထည့်ဝင်သူများစသူတို့ထံမှ ထည့်ဝင်နိုင်ရန် ရှာဖွေ လုပ်ဆောင်လျှက်ရှိသည်။
ကျွန်ုပ်တို့သည် အသေးစားလုပ်ငန်းရှင်များနှင့် အခြားသောသူများထံ ငွေများထုတ်ချေးလျှက်ရှိသည် ၊ ကျွန်ုပ်တို့သည် အခြားရင်းနှီးမြုပ်နှံမည့်သူများကို တခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခေါ်ယူလျှက်ရှိသည်။ ဖော်ပြပါ ဟေမာန်ကက်ပီတယ် ကုမ္ပဏီပီတီအီးလီမိတက်၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ စူလ်တန် မာရင်နောဗ့်သည် စီးပွားရေးဘဏ်လုပ်ငန်းများတွင် ၁၇ နှစ်မျှ လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကျွန်ုပ်တို့သည် တိုးမြင့်လုပ်ဆောင်ရန် အနည်းဆုံးဒေါ်လာ ၁၀ သန်းကိုအခြားသောငွေကြေးအဖွဲ့အစည်းများထံမှ ၎င်း ဒေါ်လာ ၁၀ သန်းကိုအဓိကရှယ်ယာရှင်များ (Dealstreetasia) ထံမှလည်းကောင်းရယူတိုးမြင့်သွားမည်။
ကျွန်ုပ်တို့သည် ကုမ္ပဏီ ၄ ခု ၊ ဘဏ်တစ်ခုနှင့် အခြားငွေကြေးအဖွဲ့အစည်း ၃ ခုနှင့် စတင်ပြီးဇွဲရှိရှိလုပ်ဆောင်နေပါသည်။ ဤအရာနှင့်ပတ်သက်၍ ၎င်းပုဂ္ဂိုလ်မှ ကြိုတင်၍ အကြောင်းအရာများပြောဆိုသွားပါသည်။

စုငွေလက်ခံသည့် MFI တစ်ခုအနေဖြင့် – သူတို့သည် ငွေချေးအဖွဲ့ဝင်များထံမှ စုငွေကာလသတ်မှတ်ပြီးကျပ်ငွေ နှစ်သန်း (ဒေါ်လာ ၁.၇ သန်း) ကိုစုငွေအဖြစ်ရယူရန် ဆွဲဆောင်လုပ်ဆောင်သွားမည်။

ဟေမာန်ကက်ပီတယ် ကုမ္ပဏီ ပီတီအီး လီမိတက်သည် မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့ပြများရှိ ဝင်ငွေနည်းပါးသောလုပ်ငန်းရှင်များနှင့် အသေးစား စီပွားရေးလုပ်ငန်းများအတွက် ကျပ်ငွေ ၄.၆ ကုဋေ(ဒေါ်လာ ၃.၈ သန်း) ခန့် ရင်းနှီးမြုပ်နှံပြီးဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် – မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လုပ်ငန်းလုပ်ကိုင်ရန် လျာထားလျှက်ရှိပြီး ၂၀၁၉ နှစ်ကုန် ပိုင်းတွင် နိုင်ငံတဝှမ်းကျယ်ပြန့်စွာတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် ရုံးခွဲ ၅ ခုဖွင့်လှစ်ပြီးဆောင် ရွက်လျှက်ရှိသည်။

၎င်း၏စုစုပေါင်းထုတ်ချေးငွေမှာကျပ်ငွေ ၇.၅ ကုဋေ ဖြစ်ပြီးလုပ်ငန်းစတင်သည့်အချိန်မှစ၍ ၂၀၁၅ အထိငွေချေးသူဦးရေ ၂၆.၀၀၀ ဦးရှိပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် MFI အဖွဲ့အစည်း ၂၀၀ ကျော်ခန့်ရှိသည်။၎င်းတို့အထဲမှ အဖွဲ့ ၅၀ သည် လက်ရှိလုပ်ငန်းဆောင်ရွက်လျှက်ရှိသည်။ ဟေမာန်ကက်ပီတယ်၏လုပ်ငန်း ၁၅ ရာခိုင်နုန်းမှာ မြန်မာနိုင်ငံတွင် အရှေ့တိုင်းဆန်သော MFI စီပွားရေးလုပ်ငန်းသီးသန့်ဖြစ်သည်။

စင်္ကာပူရှိရင်းနှီးမြုပ်နှံမှုလုပ်ငန်းသည်မြန်မာနိုင်ငံမှတပါးဗီယက်နမ်တွင် ၂၀၁၇ အတွင်းအသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ရန် လျာထားလျှက်ရှိသည်။ ၎င်း အနေဖြင့် လက်ရှိရှိနေသော MFI တစ်ခုအနေဖြင့် နည်းလမ်းများကိုစုဆောင်းရယူပြီးဗီယက်နမ် တွင်ဝင်ရောက်ပြီးလုပ်ငန်းအသစ်စနိုင်ရန် ချင့်ချိန်ကြံဆလျှက်ရှိသည်။

Author: Juliet ShweGaung, Deal Street Asia, November 10,2016
Source: http://www.dealstreetasia.com/stories/singapores-hayman-capital-in-advanced-talk-to-raise-4-m-for-micro-loan-work-in-2017-57418/