စင်ကာပူအသေးစားငွေချေးဝန်ဆောင်မှု အဖွဲ့တစ်ခုဖြစ်သော Hayman Capitalသည်၂၀၁၁မြန်မာ့အသေးစား ငွေကြေးဥပဒေအပြောင်းအလဲအရ မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို ၂၀၁၇ ခုနှစ်တွင် နှစ်ဆမြှင့်တင်သွားမည်ဖြစ်သည်။ လွန်ခဲ့သော ဒီဇင်ဘာလက ကျပ်ငွေလေးဘီလီယံကို ချေးငွေပေးခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလနှင့်နှိုင်းယှဉ်လျှင် ၁၂၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟုသိရသည်။

၂၀၁၆ခုနှစ်သည် အလွန်အရေးကြီးသော နှစ် တစ်နှစ်ဖြစ်ခဲ့ပြီး လိုင်စင်ကိစ္စများဖြင့် အချိန်ကုန်ခဲ့ကာ ယခုနှစ်တွင် နှစ်ဆပိုမိုဆောင်ရွက်သွားမည်ဟု Hayman ၏စီအီးအိုကဆိုသည်။

အစိုးရကနေ ဩဂုတ်လက အသေးစားချေးငွေလုပ်ငန်းများအတွက် ဥပဒေများကို ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်းတွင် မြန်မာပြည်ကို ဝင်ရောက်လာခဲ့ရာ ချေးငွေများကိုလည်း အတိုးနှုန်းသက်သက်သာသာဖြင့် ချေးပေးနိုင်ခဲ့သည်ဟု သိရသည်။

မြန်မာပြည်အဝှမ်း ရုံးခွဲငါးခုကနေ ငွေချေးသူပေါင်း ၂၀ဝ၀ဝ ကျော်ကို ဝန်ဆောင်မှုပေးနေခဲ့ပြီး အထူးသဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ လုပ်ငန်းစတင်လုပ်ကိုင်သူများ၊ အသေးစား လယ်ယာလုပ်ငန်း လုပ်ကိုင်သူများကို ချေးပေးခဲ့သည်။ ယခု၂၀၁၇ခုနှစ်တွင် နောက်ထပ်ချေးငွေယူသူ ၂၀ဝ၀ဝ အထိရှိလာမည်ဟု ခန့်မှန်းထားပြီး နောက်နှစ် ၂၀၁၈ခုနှစ်တွင်နောက်ထပ်၂၀ဝ၀ဝအထိခန့်မှန်းထားသည်။

မြန်မာပြည်အသေးစားငွေချေးကဏ္ဍတွင် ဝယ်လိုအားများနေပြီး လိုအပ်ချက်ရှိသလောက် မချေးပေးနိုင်ဘဲဖြစ်နေသည်ဟု Hayman က ဆိုသည်။ နောက်နှစ်တွက် ကျပ်ငွေ၁၀ဘီလီယံကို ချေးငွေပေးရန် လျာထားသည်။

Read more: http://www.mmbiztoday.com/articles/despite-teething-issues-mfi-sector-hayman-capital-aims-double-myanmar-operation-2017