news-01news-02news-03

 

၂၉ ရက် ၊ မေလ ၊ ၂၀၁၇ ရက်နေ့တွင် Hayman Capital Co., Ltd (အသေးစားချေးငွေလုပ်ငန်း) နှင့် Maybank Yangon Branch တို့သည်။ US$ 1 သန်းဘဏ်ချေးငွေရယူသည့် တရားဝင်းလက်မှတ်ရေးထိုးသည့် အခန်းအနားအစီစဉ်အား Melia Yangon Hotel တွင်ပြုလုပ်ကျင်းခဲ့ပါသည်။

ဤချေးငွေသည် Hayman Capital Co., Ltd ၏ပထမဦးဆုံးရယူသည့်ချေးငွေဖြစ်ပြီး ဤချေးငွေအား တစ်နှစ်တာကာလ အတွက်လည်ပတ်လုပ်ဆောင်ရန် အတည်ပြုထားခြင်းဖြစ်သည်။ ၎င်းချေးငွေသည် ကုမ္ပဏီ၏အသေးစား ချေးငွေလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရာတွင်အထောက်အကူဖြစ်စေမည်ဖြစ်ပြီး အသေးစားလုပ်ငန်းရှင်များ နှင့် တောင်သူများ အနည်းဆုံး ၃.၀၀၀ ဦးခန့်အား ထုတ်ချေးသွားနိုင်မည်ဖြစ်သည်။ Hayman Capital ၏ အဓိက ငွေချေးဖောက်၏ ၈၀% နုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး မိမိတို့ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေကြသောသူများဖြစ်သည်။ ဤချေးငွေအထောက်အပံ့သည် ဖောက်သည်များ၏ လုပ်ငန်း အတွက်မတည်ရင်းနှီးငွေအတွက် အထောက်အကူဖြစ်စေမည် ဖြစ်စေရန် လုပ်ငန်းအတွက် ကုန်ပစ္စည်းများ ၊ ကုန်ကြမ်းများ ပိုမိုဝယ်ယူနိုင်မည်ဖြစ်ပြီး နှင့် ၎င်းတို့၏ဝင်ငွေကို ထူးခြားစွာ တိုးပွားစေမည်ဖြစ်သည်။

Hayman Capital Co.,Ltd ( အသေးစားချေးငွေလုပ်ငန်း) ၏ CEO & Managing Director- Mr.Sultan Marenov အခန်းအနားတွင်ပြောကြားချက်အရ “ ယခုလိုမြန်မာနိုင်ငံ ရှိ အသေးစားချေးငွေလုပ်ငန်း တိုးတက်ရန်အတွက် ဘဏ်ကြီးတစ်ခုအနေဖြင့် စိတ်ဝင်စားစွာ ကူညီထောက်မှုပေးခြင်းသည် ကျွနိုပ်တို့အတွက် ကြီးမားသည့် ရင်ဆိုင်မှုဖြစ်သည်။ ယခုလို အတွေ့အကြုံရှိပြီး ဈေးကွက်တွင် ကောင်းစွာလုပ်ဆောင်နေသည့် Maybank အနေဖြင့် ကျွနိုပ်တို့အား ဤပထဦးဆုံးချေးငွေထုတ်ချေးခြင်းများအတွက် များစွားဝမ်းမြောက်ပါကြောင်းပြောကြားခဲ့ပါသည်။ နောက်ထပ် Mr.Sultan Marenov မှ ဤကဲ့သို့ဘဏ်များ ၊ ငွေကြေးအဖွဲ့အစည်း များနှင့် ပူးပေါင်းလုပ်ဆောင်ရခြင်းသည် Hayman Capital Co.,Ltd အတွက် နောင်အနာဂါတ် အတွက်လွန်စွာအရေးကြီးကြောင်း ပြောကြားခဲ့သည်။ “ အလားအလာရှိသော ဖောက်သည်များမှ အသေးစားချေးငွေများ လိုအပ်လက်ရှိသည်ကို တွေရှိရကြောင်း ၊ ကျွန်ုပ်တို့ MFI အနေဖြင့် မိမိတို့လုပ်ငန်းဆောင်ရွက်လျှက်ရှိသော နယ်မြေများတွင် စီပွားရေးလုပ်ငန်း တိုးတက်ရန်အတွက် ငွေချေးဖေက်သည်များနှင့် အတူဆောင်ရွက်ရန် အသင့်ရှိပါကြောင်း” ပြောကြားခဲ့သည်။

Hayman Capital Co.,Ltd သည်မြန်မာနိုင်ငံတွင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်ရာ ၂ နှစ်ကျော်ကာလရှိပြီး အလျှင်အမြန်ဖြင့် တိုးတက်လျှက်ရှိသည်။ ၃၀ ရက် ၊ ဧပြီလ ၊ ၂၀၁၇ ၊ ရက်နေ့စွဲတွင် ကုမ္ပဏီသည် ထုတ်ချေးငွေပမာဏ မြန်မာကျပ်ငွေ (5.5 – billion) ထိရှိပြီး ငွေချေးသူ နှင့် စုငွေအပ်နှံသူ ဦးရေ - ၂၄.၀၀၀ ဦးရေထိရှိနေပြီးဖြစ်သည်။ Hayman Capital Co.,Ltd သည် အမြဲတမ်း စုငွေလက်ခံသည့် လိုင်စင်ရ အဖွဲ့အစည်းဖြစ်သည်။ လက်ရှိအချိန်တွင် အမြတ်များရရှိလျှက်ရှိပြီး ငွေကြေးဆိုင်ရာထိန်းသိမ်းရပ်တည်နိုင်မှု အခြေအနေ ကောင်းမွန်လျှက်ရှိသည်။

______________________________________________________________

ကုမ္ပဏီအကြောင်း

မြန်မာနိုင်ငံရှိ Hayman Capital Co.,Ltd သည် အသေးစားချေးငွေလုပ်ငန်းတစ်ခုဖြစ်သည်။ ၁၀၀% အပြည့် စင်္ကာပူအခြေစိုက် Hayman Capital ptd.,ltd လက်အောက်၏ လုပ်ငန်းခွဲဖြစ်သည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းအား ၂၀၁၄ ခုနှစ်မှစတင်၍ တည်ထောင်ခဲ့ပြီး  ဇွန်လ ၊ ၂၀၁၅ တွင်ပထမဆုံးချေးငွေကို စတင်ထုတ်ချေးခဲ့သည်။ ယခုလက်ရှိအချိန်တွင် ရုံးခွဲပေါင်း ၅ ခုကို အင်းစိန် ၊ သင်္ဃန်းကျွန်း ၊ လှည်းကူး ၊ ညောင်လေးပင်မြို့နယ် နှင့် ပဲခူမြို့များတွင် ဖွင့်လှစ်ထားရှိလျှက်ရှိသည်။