ဟေမန်ကတ်ပီတယ်ကုမ္ပဏီအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၂၆ရက်နေ့တွင်မရမ်းကုန်းမြို့နယ်ရှိကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။
ဥတုရာသီတောကိုမှီ၏၊ သစ်ပင်စိုက်ပျိုး ဝန်းကျင်အလှတိုးစေဖို့ ရည်ရွယ်ကာ သီးပင်စားပင်နှင့် အရိပ်ရပင်များဖြစ်သည့် ကံ့ကော်ပင်၊ သပြေပင်နှင့် သရက်ပင်ပေါင်း ၅၅ ပင်ကို ကျောင်းဝင်းအတွင်း စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဟေမန်ကတ်ပီတယ်ကုမ္ပဏီမှ CEO၊ COO နှင့် CFO အပါအဝင်ရန်ကုန်ရုံးချုပ်မှဝန်ထမ်းများ၊လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများနှင့်အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။
ဟေမန်ကတ်ပီတယ်အနေဖြင့် မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး ရပ်ရွာအခြေပြု၊ လူထုအကျိုးပြု လုပ်ငန်းများဖြစ်သည့် ရေတွင်းရေကန် တူးဖော်ပေးခြင်း၊ကျောင်းအဆောက်အဦးများလှုဒါန်းခြင်း၊ အုပ်ချုပ်ရေးမှုးရုံးအဆောက်အဦးများလှုဒါန်းခြင်း၊လူထုအခြေပြု စက်ချုပ်သင်တန်းများဖွင့်လှစ်ခြင်း တို့ကို ရုံးခွဲများဖွင့်လှစ်ထားရာ နေရာများတွင် ဆောင်ရွက်လျက်ရှိပါသည်။