ဒါရိုက်တာဘုတ်အဖွဲ့
![]() |
David Walker, Director |
အဆိုပါပုဂ္ဂိုလ်သည် ရင်းနှီးမြှုပ်နှံမှုဘဏ် နှင့် စီမံကိန်းတိုးတက်ခြင်းလုပ်ငန်း၊ သဘာဝအရင်းအမြစ်ဆိုင်ရာ အလေးထားလုပ်ဆောင်ခြင်း၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း၊ ငွေကြေးကဏ္ဍ ဈေးကွက်စီးပွားရေးစနစ် အရှိန်အဟုန်တိုးမြင့်ခြင်း ဆောင်ရွက်ခြင်းစသော လုပ်ငန်းများတွင်၂၅နှစ်မျှ အတွေ့အကြုံရှိသူ ဖြစ်သည်။ ဒေးဗစ်သည် ရုရှားတွင် အခြေစိုက် ၆ နှစ်ကြာ ၊ အာဖရိကတွင် အခြေစိုက် ၅ နှစ်ကြာနေထိုင် အလုပ်ကိုင်ခဲ့သည်။ ယခင်က ဒေးဗစ်သည် စီးတီးအုပ်စု ( Citi Group ) လုပ်ငန်း ၊ မော်စကိုတွင်ရှိသောဒွိုက်ရှယ် ဘဏ် ( Deutsche Bank ) နှင့် ( Troika Dialogue ) လုပ်ငန်းများတွင် အုပ်ချုပ်ရေးမန်နေဂျာတစ်ဦး ဖြစ်ခဲ့သည်။ ဒေးဗစ်သည် နော်မူရာ နိုင်ငံတကာ ( Nomura International ) လုပ်ငန်းတွင် ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ဆောင် ချိန်တွင် ကျယ်ပြန့်သော ကမ္ဘာ့အရှေ့ပိုင်း ၏ လုပ်ငန်းဆိုင်ရာများကိုအတွေ့အကြုံ ရှိသူဖြစ်သည်။ ဥပဒေသိပ္ပံမဟာဘွဲ့( MA in Jurisprudence) ကိုအောက်စဖို့စ် တက္ကသိုလ်( Oxford University) မှဆွတ်ခူးရရှိခဲ့သည်။ | |
![]() |
Sultan Marenov, Managing Director & Chief Executive Officer |
စီပွားရေး ဘဏ်လုပ်ငန်း ၊ ငွေကြေးဆိုင်ရာ အဓိကထား ဆောင်ရွက်သည့်လုပ်ငန်း ၊ SME ချေးငွေလုပ်ငန်း ဆောင်ရွက်ခြင်း ၊ ဘဏ်လုပ်ငန်းဆိုင်ရာ စီမံ ဆောင်ရွက်ခြင်းနှင့် အထွေထွေ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံအုပ်ချုပ်ခြင်းစသော လုပ်ငန်းများတွင် ၁၇ နှစ်မျှ အထက်တန်းရာထူးလုပ်ငန်း အတွေ့ အကြုံရှိသူဖြစ်သည်။ ။ စူလ်တန် မာရင်နောဗ်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းမှု အလုပ်လုပ်ဆောင်ရန် အာရှအလယ် ဗဟိုနိုင်ငံများနှင့် CIS နိုင်ငံများတွင်ရှိသည့် အကြီးမားဆုံး ပုဂ္ဂလိကငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် BTA ဘဏ်တွင် ၁၉၉၉ ခုနှစ်တွင် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့သည်။၂၀၀၅ ခုနှစ်တွင် စူလ်တန် မာရင်နောဗ်သည် BTA ဘဏ်၏ CEO တစ်ဦးအဖြစ် ရာထူးခန့် အပ်ခြင်းခံရသည်။ မိမိ၏ စီမံအုပ်ချုပ်မှုအောက် ၁၀ နှစ်တာ ကာလအတွင်း ၎င်းဘဏ်လုပ်ငန်းသည် ဒေသအတွင်း အလျှင်အမြန် တိုးတက်လာပြီး စီးပွားရေးလုပ်ဆောင်ရာတွင် အကောင်းဆုံးဘဏ် ဖြစ်ကြောင်း အကြိမ်ကြိမ် ဂုဏ်ပြုလက်ဆောင်ချီးမြင့်ခြင်း ရရှိခဲ့သည်။ အဆိုပါပုဂ္ဂိုလ်သည် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ BA ဘွဲ့ ( ဘဏ်လုပ်ငန်းဆိုင်ရာ အထူးပြုဘာသာရပ် ) ကို ( Almaty State University ) အာလ်မတီပြည်နယ် တက္ကသိုလ်မှဆွတ်ခူးရရှိခဲ့သည်။ | |
![]() |
Hugo Minderhoud, Non-Executive Director |
အဆိုပါပုဂ္ဂိုလ်သည် ( EU, CIS incl. Uzbekistan ) စသော နိုင်ငံများတွင် အထက်ရာထူးအဖြစ် နှစ်ပေါင်း ၃၀ ခန့် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်သည်။ ( ABN AMRO group) လုပ်ငန်းအဖွဲ့တွင် အထွေထွေမန်နေဂျာအဖြစ် လည်းကောင်း ၊ အက်နာရိုဘဏ် (ABNAMRO Bank ) တွင် စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့၏ ဥက္ကဌအဖြစ် ၎င်း ၊ Uzbekistan နိုင်ငံတွင် (ABN AMRO Bank ) ဘဏ်၏ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းတွင် မန်နေဂျာအဖြစ်လည်းကောင်း ၊ ရုရှားနိုင်ငံအပါအဝင် ၊ နယ်သာလန်နိုင်ငံ ၊ ဥရောပအရှေ့အလယ်ပိုင်းရှိ (ABN AMRO Bank N.V.) ဘဏ်၏ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းတစ်ခု၏ ဦးဆောင်သူ ဒုတိယ- ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုလက်ရှိဟူဂိုသည် (Pakistan ၊ Arnur Credit ၊ Kazakhstan) နိုင်ငံ များတွင်ရှိသော အသေးစားငွေရေးကြေးရေးဘဏ်တစ်ခုဖြစ်သော (Advans Microfinance Bank ) တွင် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ (Uzbekistan) နိုင်ငံရှိ ( IpakYuli Bank ) ဘဏ် ၏ အကြံပေး အထက်အရာရှိ တစ်ဦးလည်း ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်သည် နယ်သာလန်နိုင်ငံနှင့် ဘယ်ဂျီယံနိုင်ငံ ၊ ဥဇဘက်ကစ္စတန် နိုင်ငံများတွင် လေးစားဂုဏ်ပြုထိုင်သော အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်သည် စာရင်းစစ် နှင့် အခက်ခဲပြဿနာဖြေရှင်းရေးဆိုင်ရာ ကော်မတီ ဘုတ်အဖွဲ့၏ ဦးဆောင်သူ ဥက္ကဌတစ်ဦးဖြစ်သည်။ | |
![]() |
Theta Aye, Non-Executive Director |
ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ ကြွေးမှီး နှင့် မတည်ငွေရင်းနှီးမှု ဈေးကွက်စသောလုပ်ငန်းများတွင် လုပ်ငန်းအတွေ့အကြုံ ၁၀ နှစ်ရှိသူဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု စီမံခန့်ခွဲမှုတွင် ပူးပေါင်းအကြံပေးသူတဦးဖြစ်သည်။ ယခင်လုပ်ငန်းအတွေ့အကြုံမှာ KBZ လုပ်ငန်းအုပ်စု၏ Deputy Managing Director ၊ KBZSC Securities (Myanmar) ၏ ဒါရိုက်တာ ၊ စင်္ကာပူနိုင်ငံရှိ Temasek Holding –Backed Dymon Asia Private Equity Southeast Asia Fund ၏ Director ၊ စင်္ကာပူနိုင်ငံရှိ shell အရှေ့တိုင်း ရေနံလုပ်ငန်းတွင် LNG ပိုင်ဆိုင်မှုဆိုင်ရာ Portfolio မန်နေဂျာ နှင့် ဖွဲ့စည်းသူများ ဆောင်ရွက်သူ၊ AT Kearney ၏ ဆက်စပ်ညှိနှိုင်း manager ၊ Standard Chartered Bank (Singapore) ပူးပေါင်းအကြံပေးအဖွဲ့၏ Associate Director ဖြစ်သည်။ သူမသည် University of Oxford(UK) နှင့် Massachusetts Institute of Technology (USA) တက္ကသိုလ်မှ ဘွဲ့ကြိုနှင့် ဘွဲ့များကို တတ်ရောက်သင်ယူထားသူဖြစ်သည်။ |
စီမံခန့်ခွဲမှုဘုတ်အဖွဲ့
![]() |
Siegfried Kofi Gbadago, Chief Financial Officer |
စာရင်းကိုင်လုပ်ငန်း ၊ ငွေကြေးဆိုင်ရာ နှင့်အာဖရိကနိုင်ငံအတွင်းရှိ အသေးစားငွေရေးကြေးရေး ကဏ္ဍများတွင် ငွေကြေးရှာဖွေခြင်း စီမံခန့်ခွဲမှု လုပ်ငန်း ၁၆ နှစ်မျှ လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူသည် ဂါနာ နိုင်ငံရှိ opportunity international savings and Loan Ltd, Express savings and loans Ltd နှင့် microloan foundation ၊ Malawi တွင် စာရင်းကိုင် စီမံအုပ်ချုပ်ခြင်းလုပ်ငန်း ၊ Head of finance & Treasury and Chief Financial Officer အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် GIMPA မှ MBA ဘွဲ့ကို၎င်း ၊ ဂါနာနိုင်ငံမှ အသိအမှတ်ပြု chartered certified accountant of Association of Chartered certified accounts (ACCA,UK) ဘွဲ့ကိုရရှိထားသူဖြစ်သည်။ | |
![]() |
Ms. Maythu Win, Chief Operating Officer |
အသေးစားငွေရေးကြေးရေး ကဏ္ဍလုပ်ငန်း ဆိုင်ရာ ၅ နှစ်မျှအတွေ့အကြုံရှိသူဖြစ်သည်။ သူသည် ACLEDA အသေးစားငွေရေးကြေးရေး လုပ်ငန်းတွင် ချေးငွေအရာရှိအဆင့်မှ ရာထူးတိုးလာပြီး ရုံးခွဲမန်နေဂျာဖြစ်ခဲ့သည်။ သူမသည် ၂၀၁၄ ခုနှစ်တွင် Hayman capital Co;Ltd တွင် Head of Operations ရာထူးဖြင့် စတင်လုပ်ဆောင်ခဲ့သည်။ သူသည် ရုံးခွဲများ တိုးချဲ့ရာတွင်၎င်း ၊ သင်တန်းများပို့ချရာတွင်၎င်း ၊ ရုံးခွဲများ ကိုစီမံအုပ်ချုပ်ရာတွင် အဓိက လုပ်ဆောင်သူ ဖြစ်သည်။ သူသည် University of Computer Studies, Yangon မှ ၂၀၀၇ ခုနှစ်တွင် B.C.Sc ဘွဲ့ကိုရှိထားသူဖြစ်သည်။ | |
![]() |
Mrs. Nweni Soe, Advisor to MD |
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဌာန ၊ နေပြည်တော် – စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တွင် Director အဖြစ်၎င်း ၊ Small Loan enterprise တွင် မန်နေဂျာအဖြစ်၎င်း ၊ အသေးစားငွေရေးကြေးရေးဌာန (နေပြည်တော်ကောင်စီ) ၏ ဒု-ညွန်ကြားရေးမှုးအဖြစ်၎င်း ၊ အသေးစားငွေရေးကြေးရေး ဌာန (ရုံးချုပ်)၏ ညွန်ကြားရေးမှုးအဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်၊၊သူမသည် Indiaနှင့် Combodia တို့တွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းဆိုင်ရာ လေ့လာရေးခရီးဖြင့် သွားရောက်လေ့လာခဲ့သူဖြစ်သည်။ သူသည် University of YangonမှB.A(Ecom)ဖြင့်ဘွဲ့ရရှိထားသူဖြစ်သည်။ |
ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံ၌ အသေးစားငွေရေးကြေးရေး လုပ်ငန်းအဖွဲ့အစည်းအဖြစ် အရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်နေသော အဖွဲ့အစည်းဖြစ်သည်။ ကျွန်ပ်တို့ ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်များမှာ Hayman Capital Pte.,ltd- စကာင်္ပူအခြေစိုက်သောရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဖြစ်သည်။ ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၎င်း၏အသေးစားငွေရေးကြေးရေးလုပ်ငန်းကို (၂၀၁၅ခုနှစ်၊ဇူလိုင်လ) တွင်အောင်မြင်စွာ စတင်လုပ်ဆောင်နိုင်ခဲ့သည်။ ယနေ့အချိန်အခါတွင် ကျွန်ပ်တို့လုပ်ငန်းသည် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီးများတွင် ကွန်ယက်သဖွယ် လုပ်ငန်းများကိုထိရောက်စွာ လုပ်ကိုင်လျှက်ရှိသည်။ ကျွန်ပ်တို့ ရုံးခွဲများကို အင်းစိန် ၊ သင်္ဃန်းကျွန်း ၊ လှည်းကူး ၊ ပဲခူး ၊ ညောင်လေးပင် ၊ ပြည် ၊ ပုသိမ် ၊ ဟင်္သာတ ၊ ကျုံပျော် ၊ မန္တလေး ၊ ကျောက်ဆည် နှင့် မိတ္ထီလာ မြို့များအတွင်း ကောင်းမွန်စွာ ဖွင့်လှစ်ထားရှိပြီး ၎င်းရုံးခွဲများမှတဆင့် ငွေချေးသူအသင်းသားများရှိရာ မြို့နယ်များ ၊ ရပ်ကွက်များ ၊ ကျေးရွာများကို ခြုံငုံလျှက်လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။
ကျွန်ပ်တို့ကုမ္ပဏီသည် ငွေရေးကြေးရေး ကြီးကြပ်ရေးကော်မတီမှ ထုတ်ပေးထားသော အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုချက်ချက်လိုင်စင် အမှတ်- ၀၂၃၂/၂၀၁၆ ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။ ကျွန်ပ်တို့လုပ်ငန်း၏ရည်ရွယ်ချက်သည် မြန်မာနိုင်ငံအနှံ့တွင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား အရည်အသွေးမြင့်မားပြီး တစ်မူ ထူးခြားသည့် ငွေကြေးဆိုင်ရာ ဖြေရှင်းလုပ်ဆောင်နိုင်ရန် ကူညီထောက်ပံ့မှု လုပ်ဆောင်ရန် ဖြစ်သည်။ ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်သည် ဝင်ငွေအလွန်နည်းပါးသော မိသားစု၏ လိုအပ်ချက်များကို ကောင်းမွန်စွာသိရှိနားလည်ထားသည်။ ထိုကဲ့သိုဝင်ငွေနည်းပါးသော မိသားစုများအတွက် ငွေကြေးလိုအပ်မှုများကို လွယ်ကူစွာရယူနိုင်သည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်လျှက်ရှိသည်။
ကျွန်ပ်တို့ကုမ္ပဏီ၏ ချမှတ်ထားသော နည်းဗျူဟာ ၂၀၁၇-၂၀၂၀ ကာလအတွင်း အဖွဲ့အစည်းနှင့် ကျွန်ပ်တို့၏ ငွေချေးဖောက်သည်များ ပိုမိုတိုးတက်ရန် စီမံကိန်းထားရှိပါသည်၊၊ ကျွန်ပ်တို့သည် online platform နည်းပညာဖြင့် ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို မိတ်ဆက်ပေးခြင်း ၊ လုပ်ငန်းနယ်မြေသစ်များတိုးချဲ့ လုပ်ဆောင်ခြင်း ၊ နိုင်ငံတကာစံနှုန်းနှင့်အညီ လုပ်ငန်းရှင်များထံသို့ အစီရင်ခံစာများ ပေးပို့သည့်စနစ် ၊ CSR လုပ်ငန်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်း ၊ လူမှုအသိုင်းအ၀ိုင်းတွင် လူမှုရေးဆိုင်ရာ သင်တန်းများပို့ချခြင်း အစရှိသောလုပ်ငန်းများကို ကျွန်ပ်တို့၏ ငွေကြေးဝန်ဆောင်မှုပေးမည့် လူမှု အသိုင်းအ၀ိုင်းတွင် ဆောင်ရွက်ရန်စီမံကိန်းများထားရှိပါသည်၊၊
ကျွန်ုပ်တို့ရည်မှန်းချက် - ကျွန်ုပ်တို့ရည်မှန်းချက်သည် မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာ ဦးဆောင်နိုင်သည့် ငွေကြေးအဖွဲ့အစည်းတစ်ခု ဖြစ်လာရန်နှင့် သန်းပေါင်းများစွာသော ဖောက်သည်များကို ကျယ်ပြန့်သော ကွန်ယက်စနစ်ဖြင့် ရုံးခွဲများမှတစ်ဆင့် အရည်အသွေးရှိသော ချေးငွေထုတ်ကုန်များကို နိုင်ငံတကာအဆင့်မှီသော စီမံခန့်ခွဲမှုနှင့် ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၀န်ဆောင်မှုပေးရန်ဖြစ်သည်၊၊
ကျွန်ုပ်တို့၏တာဝန် - ကျွန်ုပ်တို့၏တာဝန်သည် ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် ရည်ရှည်ပူးပေါင်းဆောင်ရွက်ပြီး ၄င်းတို့၏ လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် ပိုမို ကောင်းမွန်လာစေရန်အတွက် အဓိကဆောင်ရွက်ရန်ဖြစ်သည်၊၊ ထို့အပြင် ငွေချေးဆိုင်ရာ ၀န်ဆောင်မှုများဖြင့် အပြန်အလှန် အကြိုးပြုစေရန်ဖြစ်သည်၊၊ ဟေမန်ကက်ပီတယ်ကုမ္ပဏီလီမိတက်၏ အခြေခံစည်းမျဉ်းများမှာ ရည်ရှည်အပြန်အလှန် အကြိုးပြုဆက်ဆံရေး တည်ထောင်ရန်ဖြစ်သည်၊၊
- ငွေချေးသူဖောက်သည်များနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန် ၊ အကျိုးဖြစ်ထွန်းစေရန် ၊ ရိုးသားမှု နှင့် အကျိုးကျေးဇူးများ ဖြစ်စေရန်
- ဝန်ထမ်းများနှင့် အပြန်အလှန်လေးစားရန် ၊ ခိုင်မာစွာလက်တွဲနိုင်ရန် ၊ အလုပ်ပေါ်စိတ်ဝင်စားခြင်း ၊ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းမြင့်တင်စေရန် နှင့် သင့်လျှော်သောအခကြေးငွေများရရှိစေရန် ဖြစ်သည်။
- ရှယ်ယာရှင်များနှင့် ပတ်သက်၍ ရင်နှီးမြုပ်နှံခြင်းများတိုးတက်မှုရှိကြောင်းသိစေရန် သေချာစွာဆောင်ရွက်ရန် ၊ လုပ်ငန်းများတိုးချဲ့လုပ်ဆောင်ခြင်းနှင့် လုပ်ငန်းများခိုင်မာတည်မြဲရန် ထိန်းသိမ်း ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
- ဥပဒေဆိုင်ရာအခွင့်အာဏာရှိသူများနှင့်စပ်လျဉ်း၍ ဥပဒေများနှင့်ကိုက်ညီစွာသေသေချာလုပ်ဆောင်ရန် တို့ဖြစ်သည်။
- အကျိုးတူ ပူးပေါင်းသူများနှင့် ကူညီဆောင်ရွက်ပေးသူများနှင့်စပ်လျဉ်း၍ ရေရှည်ခိုင်မာသော ဆက်ဆံရေးရှိစေရန် ၊ ဥပဒေနှင့်အညီ လိုက်လျှောညီထွေသော တာဝန်ရှိခြင်းများနှင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေရန် ဖြစ်သည်။
- လူ့အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အလုပ်အကိုင်သစ်များ ဖန်တီးပေးရန် ၊ ငွေကြေးဆိုင်ရာဓလေ့ပညာများ တိုးတက်မြင့်မားလာစေရန်နှင့် နိုင်ငံ၏ငွေကြေးဆိုင်ရာ နယ်ပယ်တစ်ခုတွင် ယုံကြည် အားထားရသော အနေအထားတစ်ခုကို ခိုင်မာစွာ တည်ဆောက်ရန်ဖြစ်သည်။
ကျွန်ုပ်တို့၏တန်ဖိုးမှာလေးစားခြင်း၊အားကိုးအားထားပြုခြင်း၊ရိုးသားခြင်း၊တာဝန်ယူဆောင်ရွက်ခြင်း၊ဆန်းသစ်တီထွင်ခြင်းနှင့်အသင်းအဖွဲ့အဖြစ်လုပ်ဆောင်ခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။