![]() |
![]() |
Hayman Capital နှင့်လက်တွဲထားသည့် လှည်းကူးမြို့နယ်မှ ကြံခင်းလုပ်ငန်းခွင်အားတွေ့ရစဉ် |
Hayman Capital ၏ ချေးငွေဖြင့် လုပ်ငန်းတိုးချဲ့လည်ပတ်နေသည့် ငှက်စာတွဲလုပ်ငန်းအားတွေ့ရစဉ် |
၂၃ရက်၊နိုဝင်ဘာ၊၂၀၁၇၊ ရန်ကုန်။
Hayman Capital အသေးစားချေးငွေလုပ်ငန်းအနေဖြင့် မလေးရှားအခြေစိုက် Maybank (ရန်ကုန်ဘဏ်ခွဲ) ထံမှ အမေရိကန် ဒေါ်လာ ကိုးသိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို ဘဏ်ချေးငွေအဖြစ် ထပ်မံ ထုတ်ယူခဲ့သည်။ အဆိုပါ ချေးငွေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ၃၅၀၀ခန့်အား ၄င်းတို့၏စီးပွားရေး ပိုမို လည်ပတ်နိုင်ရန် ထုတ်ချေးပေးသွားမည် ဖြစ်သည်။
အဆိုပါ ဘဏ်ချေးငွေနှင့် ပတ်သက်၍ Hayman Capital မှ CEO Mr. Sultan Marenov က “မြန်မာနိုင်ငံရဲ့ ဘဏ်ဝန်ဆောင်မှုကို မရနိုင်သေးတဲ့ ကျေးလက်ဒေသတွေမှာ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေ တိုးချဲ့ဖို့အတွက် အကူညီပေးတဲ့ Maybank ကို ကျေးဇူးတင်ပါတယ်။ ပထမအကြိမ်ရယူခဲ့တဲ့ ဘဏ်ချေးငွေတွေကတော့ ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းတွေအပေါ် အကျိုးရလဒ်တွေ ဖြစ်ပေါ် စေခဲ့ပြီးဖြစ်ပါတယ်။ ယခုတခါရယူတဲ့ ဒုတိယဘဏ်ချေးငွေကလည်း အလားတူပဲ အကျိုးဖြစ်ထွန်းစေမှာပါ” ဟု ပြောကြားခဲ့သည်။
Hayman Capital အနေဖြင့် Maybank ထံမှ ပထမအကြိမ်ဘဏ်ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို မေလအတွင်းကရယူခဲ့ပြီး အဆိုဘဏ်ချေးငွေဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ငွေချေးဖောက်သည်ပေါင်း ၅ထောင်ကျော်ကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ၄င်းတို့၏စီးပွားရေးလုပ်ငန်းပိုမိုတိုးတက်ရေး အတွက်အထောက်အပံ့များဖြစ်စေခဲ့ပါသည်။
Hayman Capital အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း စင်ကာပူအခြေစိုက် Hayman Capital Pte.,Ltd မှ ရင်းနှီးမြုပ်နှံထားပါသည်။ မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးလုပ်ငန်း ကုမ္ပဏီအဖြစ် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ဇူလိုင်မှ စတင်ကာ ချေးငွေများကို စတင်ထုတ်ချေးပေးခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊အင်းစိန်၊သင်္ဃန်းကျွန်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့နှင့်ညောင်လေးပင်မြို့နယ်တို့တွင် ရုံးခွဲများဖွင့်လှစ်ထားပါသည်။ လာမည့်နှစ်မှစတင်ကာ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးချက်ခြာကျသည့်နေရာများတွင် ရုံးခွဲများဖွင့်လှစ်သွားရန်ရှိပြီး ဘဏ်ဝန်ဆောင်မှုများမရနိုင်သေးသည့် ဒေသများအထိ ရောက်နိုင်မည့် အွန်လိုင်းဖြင့် ငွေချေးမှုပုံစံသစ်ကိုလည်း မိတ်ဆက်သွားရန် ရှိနေပါသည်။
Hayman Capital ၏ချေးငွေဆိုင်ရာအချက်အလက်များ
- လုပ်ငန်းစတင်ခဲ့သည့်၂၀၁၅မှ လက်ရှိအချိန်ထိ မြန်မာကျပ် ၂၃ဒသမ၄၅ ဘီလီယံကို ထုတ်ချေးခဲ့ပါသည်။
- လုပ်ငန်းစတင်ချိန်မှ လက်ရှိအချိန်ထိ အသေးစားစီးပွားရေးနှင့်စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါင်း ၆သောင်း၇ထောင်ကျော်၏စီးပွားရေးပိုမိုတိုးတက်ရေးအတွက် အတိုးနှုန်းနည်းပါးသည့် ချေးငွေများ ထုတ်ချေး ပေးခဲ့ပါသည်။
- ငွေချေးဖောက်သည်များ၏ ၈၀ ရာခိုင်နှုန်းအထက်မှာ ဒုတိယအကြိမ်၊တိတယအကြိမ်မြောက် ချေးငွေထုတ်ယူပြီးသူများဖြစ်ပါသည်။
- ငွေချေးဖောက်သည်များ၏ ၈၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပါသည်။
- အသေးစားစီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ၄င်းတို့စီးပွားပိုမိုတိုးတက်နိုင်ရေးအတွက် ငွေကျပ် တစ်သိန်းမှ သိန်းငါးဆယ်အထိ ချေးငွေများလျှောက်ထားနိုင်ပါသည်။
သတင်းအချက်အလက်များအတွက် ဆက်သွယ်ရန်
ထွယ်ဆန်
+95 1 66 33 69