3-anniversary

သုံးနှစ်မြောက်နှစ်ပတ်လည်အတွက် ဟေမန်ကတ်ပီတယ်ရဲ့ စီအီးအိုဖြစ်သူ မစ္စတာစူလ်တန်မာရီနော့ပ်က အခုလိုပဲကျေးဇူးတင်စကားပါးလိုက်ပါတယ်…..

ချစ်ခင်ရပါသော မိတ်ဆွေများခင်ဗျာ……

ဒီနေ့ ဧပြီ ၆ ရက်နေ့ဟာ ဟေမန်ကတ်ပီတယ်အသေးစားငွေရေးကြေးရေးလုပ်ငန်းရဲ့ သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ စွမ်းအင်အပြည့်နဲ့ လုပ်ငန်းကို အကောင်းဆုံးအားစိုက်ထုတ်လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီလို ကြိုးပမ်းခဲ့တဲ့နေ့ရက်တွေကို ဖြတ်သန်းပြီးတဲ့နောက် ဟေမန်ကတ်ပီတယ်ဟာ လုပ်ငန်းပိုမိုတွင်ကျယ်လာပြီး နှစ်နှစ်ဆက်တိုက် အကျိုးမြတ်ငွေရရှိအောင်ဆောင်ရွက်နိုင်တဲ့ ငွေကြေးလုပ်ငန်း အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။

ဒါ့အပြင် ဟေမန်ကတ်ပီတယ်ကို မြန်မာနိုင်ငံရဲ့ ငွေရေးကြေးလုပ်ငန်းနယ်ပယ်မှာ ဦးဆောင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် ကုမ္ပဏီရဲ့အစုရှယ်ယာရှင်တွေဟာ ရင်းနှီးမြုပ်နှံမှုတွေ၊ အားစိုက်ထုတ်မှုတွေကို ပိုမို လုပ်ေ်ဆာင်ဖို့ သဘောတူညီထားကြပါတယ်။

အခုလို အောင်မြင်လာအောင် အတူအကွကြိုးစားအားထုတ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လုပ်ဖော်ဆောင်ဖက်များကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေမှာ ကြုံတွေ့သမျှအရာအားလုံးကို မေတ္တာ၊စေတနာအရင်းခံပြီး လုပ်ဆောင်ခဲ့တာကြောင့်ကြီးမားတဲ့အိမ်မက်တွေကိုအကောင်ထည်ဖော်ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။

ဟေမန်ကတ်ပီတယ်ကို ယုံကြည်စွာလက်တွဲထားတဲ့ ၀န်ဆောင်မှုရယူထားသူ မိတ်ဟောင်း၊ မိတ်သစ်များကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်။ မိတ်ဆွေတို့အပေါ် ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုကိုလည်း ခံစားမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရင်းနှီးမြုပ်နှံသူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးကိုလည်း အခုလို စီးပွားရေးလုပ်ငန်းတွေ ချောမွေ့အောင် ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

ကျွန်တော်တို့ ဟေမန်ကတ်ပီတယ် အဖွဲ့သားတွေအနေနဲ့ မိမိတို့မှာရှိတဲ့ ဗဟုသုတွေ၊ အစွမ်းအစတွေအားလုံးကိုအသုံးပြုပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းဖို့အတွက် ဆောင်ရွက်သွားမှာပါလို့ ကတိပြုပါတယ်။

ဆက်လက်ပြီး အောင်မြင်တဲ့စီးပွားရေးနှစ်များဆီ အတူချီတက်ကြပါစို့လို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ရင်းနှီးစွာဖြင့်
Sultan Marenov
CEO & Managing Director
Hayman Capital Co., Ltd