၁၁.ဇန်နဝါရီလ.၂၀၁၇ ရက်နေ့: ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက် (MFI) ၏သတင်း ထုတ်ပြန်ချက်အရ ၎င်းအသေးစားချေးငွေလုပ်ငန်းသည် မြန်မာနိုင်ငံတွင်စတင် တည်ထောင်သည့်အချိန်မှစ၍ ယခုအချိန်ထိ စုစုပေါင်းထုတ်ချေးငွေ ပမာဏမာ ကျပ်ငွေ ၁၀.၀ ကုဋ္ဋေကျော်ပြီဖြစ်ကြောင်း ဆက်လက်၍ အသစ်အသစ်သော မှတ်တမ်းများထားရှိရန်ဖြစ်သည်။ ထို့အပြင် လုပ်ငန်းလည်ပတ်သည့် ၁၆ လကာလအတွင်း လုပ်ငန်းဆိုင်ရာ အောင်မြင်ရန်သတ်မှတ်ထားသော အလွှာတစ်ခုကို အောင်မြင်စွာ ထိုးဖောက်ဖြတ်ကျော်နိုင်ခဲ့ ပြီဖြစ်သည်။ ။
ဟေမာန်ကက်ပီတယ်၏ CEO & Managing Director Mr.Sultan Marenov မှ နုတ်ဆက် ကြေငြာထုတ်ပြန်ချက်မှာ – ကျွန်ုပ်တို့၏ ချေးငွေများသည် ထပ်မံ၍ အောင်မြင်မှုတိုးတက်မှုများ တွေ့မြင်ရသဖြင့် အလွန်တရာ ဝမ်းသာကြောင်းနှင့် ရှေ့ဆက်ကျွန်ုပ်တို့ ၏ ချေးငွေ ထုတ်ကုန်များကို လိုလိုလားလားတောင်းဆိုပါသည်။ ။ ကုမ္ပဏီအားစတင်၍ တည်ထောင်သည့်အချိန်မှစ၍ ဦးစားပေး အရေးတကြီးလိုအပ်သော နည်းဗျူဟာတစ်ခုမှာ သတ်မှတ်ထားသည့် လုပ်ငန်းအောင်မြင်မှု အလွှာတစ်ခုကို ထိုးဖောက်ဖြတ်ကျော်နိုင်ရန် နှင့် ရေရှည်ရပ်တည်နိုင်ရန်တည်ဆောက်ထားသည့် အဖွဲ့အစည်းဖြစ်ရန်ဖြစ်သည်။ ကျွန်ု့တို့၏တာဝန်ဖြစ်သည့် ဤတိုင်းပြည်တွင်ရှိကြသော သာမန်မိသားစုများကို ကူညီထောက်ပံ့မှုများပေးရန် နှင့် ကျွန်ုပ်တို့၏ဖောက်သည်များ အတွက် ယုံကြည်အားကိုးရသောလက်တွဲဖော်များဖြစ်ရန် အဆင်သင့်ရှိနေကြပါသည်။
ဟေမာန်ကက်ပီတယ်သည် ကျေးလက်နှင့် မြို့ပြများတွင်နေထိုင်ကြသော ဝင်ငွေနည်းပါးသည့် အသေးစားလုပ်ငန်းရှင်များကို လုပ်ငန်းချေးငွေများ ထုတ်ပေးလျှက်ရှိပါသည်။ လက်ရှိငွေချေးသူများ၏ ၇၈% မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေကြသော အမျိုးသမီးများဖြစ်ကြပြီး အရောင်းအဝယ် ၊ ဝန်ဆောင်မှုများ ၊ ကုန်ထုတ်လုပ်ခြင်း နှင့် စိုက်ပျိုးရေး စသောလုပ်ငန်းများလုပ်ကိုင်ကြသူများဖြစ်သည်။
၂၀၁၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၊ ဟေမာန်ကက်ပီတယ်သည် မြန်မာနိုင်ငံတွင် အရှိန်အဟုန်ပြင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး စုငွေလက်ခံသောအသေးစားငွေရေးကြေးရေး လုပ်ငန်းဖြစ်သည်။ နိုင်ငံအနှံ့တွင် ချေးငွေဖောက်သည် ပေါင်း ၂၀၀၀၀ ကျော်ကို ဝန်ဆောင်မှုများပေးလျှက်ရှိသည်။ အဓိကရှယ်ယာရှင်များမှာ စကာင်္ပူအခြေစိုက် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ Hayman Capital Pte.ltd ဖြစ်သည်။
MFI သည်ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးများ ရှိ မြို့နယ်များ ၊ ရပ်ကွက်များ ကျေးရွာများ လုပ်ငန်းများကို ကွန်ယက်သဖွယ် ကိုယ်စားပြု ဆောင်ရွက်ရန်အတွက် ကျစ်လစ်စွာဖွဲ့စည်းထားသော ရုံးခွဲများကို အင်းစိန် ၊ သင်္ဃန်းကျွန်း ၊ လှည်းကူး ၊ ညောင်လေးပင် မြို့နယ် နှင့် ပဲခူးမြို့များတွင် ဖွင့်လှစ်ထားရှိပါသည်။
သတင်းအချက်အလက်များကိုပိုမို သိရှိလိုပါက
ဆက်သွယ်မေးမြန်းရန်-
ဦးရန်မျိုးအောင်
သတင်းထုတ်ပြန်ရေး အတွင်းရေးမှုး
ဖုန်း- ၀၁၆၆၃၃၆၉