ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်(MFI)မှ ယနေ့ထုတ်ပြန်ကြေငြာချက်မှာ ၎င်းအသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်း(MFI)သည် ၂၀၁၆ ၊ဧပြီလ ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာကျပ် ၁.၇၄၈.၀ -သန်းမှစ၍ တိုးပွားလာခဲ့ရာ ယခုချိန်တွင် လက်ရှိထုတ်ချေးထားသော ချေးငွေပမာဏမှာ မြန်မာကျပ် ၄.၀ ကုဋေအထိ ရောက်ရှိနေပြီးဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော ၉ လအချိန်အတွင်း ၁၂၉ % ရာခိုင်နုန်း အောင်မြင်တိုးတက်မှုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်၏ အလုပ်အမှုဆောင်အရာရှိချုပ်၊ မန်နေဂျင်းဒါရိုက်တာ မစ္စတာဆူလ်တန်မာရင်နော့ဗ်မှ ပြောကြားချက်အရ -၂၀၁၆ ခုနှစ်အတွင်း ကျွန်ုပ်တို့၏ ခွန်အားဖြင့် ကြိုးစား လုပ်ဆောင်သောအရာသည် ၂၀၁၅ ခုနှစ်၏ အောင်မြင်နေသော လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လမ်းနေခြင်းသာဖြစ်သည်။ ငွေချေးဖောက်သည်များ ပိုမိုရှာဖွေခြင်းနှင့် ထုတ်ချေးငွေ ပိုမို၍ တိုးပွားကြီးထွားလာခြင်းတို့သည် ကျွန်ုပ်တို့၏ စီပွားရေးလုပ်ငန်းလည်ပတ်မှု နည်းစနစ်များကို ထိုက်တန်သော အဖိုးအခပေး၍ ထိရောက်စွာ စူးစမ်းရှာဖွေလုပ်ဆောင်ခြင်းနှင့် ၂၀၁၇ နှစ်အတွင်း နောက်ထပ် တိုးချဲ့ရန် ကျန်ရှိနေသေးသော အသစ်သော ဧရိယာနယ်မြေဒေသများတွင် လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်သည်။
ဟေမာန်ကက်ပီတယ်သည် ကျေးလက်ဒေသနှင့် မြို့ပြငယ်များတွင် နေထိုင်ကြသော ဝင်ငွေနည်းပါးသည့် လုပ်ငန်းရှင်များကို အသေးစားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ချေးငွေများ ထုတ်ချေးပေးလျှက်ရှိပါသည်။ ၇၅% ရာခိုင်နုန်းကျော်ခန့်ရှိသော လက်ရှိငွေချေးဖောက်သည်များမှာ အမျိုးသမီးများဖြစ်ကြပြီး မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းများ ဖြစ်သည့် ကုန်ရောင်းကုန်ဝယ် ၊ ဝန်ဆောင်မှုလုပ်ငန်း ၊ ထုတ်ကုန်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းစသည့် လုပ်ငန်းများကို လုပ်ကိုင်နေကြသူများဖြစ်သည်။
***************
၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၊ ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံတွင် အရှိန်အဟုန် ပြင်းစွာဖြင့် တိုးတက်နေသည့် လိုင်စင်ရရှိထားသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ဖြစ်ပြီးနိုင်ငံအနှံ့တွင် ငွေချေးယူသူဖောက်သည်ပေါင်း ၁၉၀၀၀ ဦးထက်မနည်း ဝန်ဆောင်မှုများပေးလျှက်ရှိပါ သည်။ ပင်မရှယ်ယာရှင်များမှာ စင်္ကာပူအခြေစိုက်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ- Hayman Capital Pte.,Ltd ဖြစ်သည်။
အသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်း (MFI) သည် ရန်ကုန်ရှိရုံးခွဲများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ၊ ရပ်ကွက်များနှင့် ကျေးရွာများစသည့် နယ်မြေများကို ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်ရန်အတွက် အင်းစိန် ၊ သင်္ဃန်းကျွန်း ၊ လှည်းကူး ၊ ညောင်လေးပင် မြို့နယ်များနှင့် ပဲခူးမြို့များတွင် ရုံးများထားရှိ ခြင်းဖြင့် ကွန်ယက်သဖွယ်ဖြင့် လုပ်ငန်းကိုဆောင်ရွက်လျှက်ရှိသည်။
နောက်ထပ်သိရှိလိုသောကြောင်းအရာများရှိပါကကျေးဇူးပြု၍ ဆက်သွယ်ပါ
ဖုန်း-၀၁၆၆၃၃၆၉