မြန်မာနိုင်ငံ၏ တိုးတက်လာသော လူဦးရေအရ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိနေပြီး၊ အဆိုပါလိုအပ်ချက်များတွင် အရေးကြီးသော လိုအပ်ချက်ဖြစ်သည့် အနာဂတ် မျိုးဆက်သစ်များ၏ ပညာရေးအတွက် စာသင်ကျောင်းများ လိုအပ်ချက်သည်လည်း အပါအဝင်ဖြစ်ပါသည်။ ဟေမန်ကက်ပီတယ်လ်၏ ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသည့် ဒေသဖြစ်သော ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ် ပေါက်တောကျေးရွာ ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆောင်သစ်အတွက် လိုအပ်လျက်ရှိသော အမိုးလှူဒါန်းခြင်းအား ဆောင်ရွက် ပေးခဲ့ပါသည်။