branches 01

Hayman Capital Kyon Pyaw Branch

branches 02

Hayman Capital Pathein Branch

branches 03

Hayman Capital Hinthada Branch

 
 

ဟေမန်ကတ်ပီတယ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရုံးခွဲပေါင်း ၃ ခု ကို ဇူလိုင်လ တတိယပတ်မှစတင်ကာ ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်အပါဝင် ဟသာင်္တနှင့် ကျုံပျော်မြို့များတွင် ရုံးခွဲများဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ စိုက်ပျိုးမွေးမြူရေး နှင့် အသေးစားလုပ်ငန်းများ လုပ်ကိုင်နေသူများအတွက် စီးပွားရေး ပိုမိုတိုးတက်လာစေရန်သာမက ဒေသတွင်းရှိ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တစ်ဖက်တစ်လမ်းမှ ရရှိနိုင်ရန် ရည်ရွယ်ပါသည်။

ပုသိမ်နှင့်ဟသာင်္တမြို့များတွင် ချေးငွေဝန်ဆောင်မှုကို ဇူလိုင် ၁၆ ရက်နေ့က စတင်ပေးအပ်ခဲ့ပြီး ကျုံပျော်တွင် ဇူလိုင် ၂၃ ရက်နေ့က ဝန်ဆောင်မှုစတင်ပေးခဲ့ပါသည်။ ဝန်ဆောင်မှုစတင်ပေးခဲ့သည့် ဇူလိုင်တတိယအပတ်မှ လက်ရှိအချိန်ထိ ဝန်ဆောင်မှုရယူထားသူပေါင်း ၆၀၀ ကျော်ရှိနေပြီး မြို့နယ်များ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်လည်း စီစဉ်လျက်ရှိပါသည်။ ဟေမန်ကတ်ပီတယ်အနေဖြင့် ယခုနှစ်အတွင်း ရုံးခွဲပေါင်း ၉ ခုထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ရန်ကုန်၊ပဲခူးနှင့်ဧရာဝတီိုင်းဒေသကြီးတို့တွင် ရုံးခွဲပေါင်း ၉ ခုဖွင့်လှစ်ထားပြီးဖြစ်ပါသည်။