CSR လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးပါပြီး လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဟေမန်ကတ်ပီတယ်အသေးစားငွေကြေးရေးလုပ်ငန်းအနေဖြင့် ချေးငွေဝန်ဆောင်မှုပေးနေရုံသာမက ရုံးခွဲဖွင့်လှစ်ထားရာနေရာများတွင် လူထုအကျိုးပြုလုပ်ငန်း (CSR) များကို လုပ်ဆောင်လျက်ရှိပါသည်။
ထင်သာမြင်သာသည့်လူထုအကျိုးပြုလုပ်ငန်းတစ်ရပ်အနေဖြင့်လူမှုဝန်ထမ်းဦးဌာနနှင့်ဟေမန်ကတ်ပီတယ်တို့ပူးပေါင်းကာ ပဲခူးကြခတ်တောရကျောင်းတိုက်တွင် အခြေခံစက်ချုပ်သင်တန်းကို တစ်လကြာဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။
သင်တန်းတွင်ပဲခူးမြို့နယ်ရှိ ချေးငွေဝန်ဆောင်မှုရယူထားသူများနှင့် ၄င်းတို့၏မိသားစုများအနက် စက်ချုပ်သင်တန်းတက်ရောက်ရန် စိတ်အားထက်သန်သူ ၄၀ ဦးတက်ရောက်ခဲ့ကြပါသည်။ ယခုသင်တန်းသည် ၄င်းတို့၏ အခြေခံသက်မွေးဝမ်းကျောင်းပြုမှုတွင်တစ်ဖက်တစ်လမ်းမှ အထောက်ကူပြုစေရန်နှင့် မိသားစုအတွင်း ဝင်ငွေများတိုးလာစေရန်ရည်ရွယ်ပါသည်။
သင်တန်းကိုမေလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့က သင်တန်းဆင်းပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုဝန်ကြီးနှင့်တကွတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
ဟေမန်ကတ်ပီတယ်အနေဖြင့် ယခုကဲ့သို သင်တန်းဖွင့်လှစ်ရခြင်းအပေါ်များစွာ ပီတိဖြစ်ပြီး မကြာခင်တွင်လည်း ရုံးခွဲဖွင့်လှစ်ထားရာနေရာများတွင် တခြားလိုအပ်သည့် သင်တန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို တတ်အားသရွေ့ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။