news 07news 08news 09

 

၉ရက်၊နိုဝင်ဘာ၊၂၀၁၈၊ရန်ကုန်။

ဟေမန်ကတ်ပီတယ် အနေဖြင့်၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏စီးပွားရေးအချက်အခြာကျသော ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် ရုံးခွဲပေါင်း ၇ ခုကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။

၂၀၁၈ဧပြီလအတွင်းက ပြည်ရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့ပြီးဇူလိုင်လအတွင်းတွင်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟသာင်္တနှင့် ကျုံပျော်တို့တွင် ရုံးခွဲများဖွင့်လှစ်ခဲ့သည်။ ထို့ပြင် အောက်တိုဘာလမှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး၊ မိတ္ထီလာနှင့် ကျောက်ဆည်မြို့များတွင် ရုံးခွဲ များတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်မကုန်မီတွင် တောင်ငူနှင့်ကော့မှုးမြို့များတွင် ရုံးခွဲများဖွင့်လှစ်ရန်စီစဉ်လျက်ရှိသည်။

ဟေမန်အနေဖြင့် လုပ်ငန်းသက်တမ်းသုံးနှစ်ခွဲအတွင်း ငွေချေးဖောက်သည်များ ပိုမိုများပြားလာခဲ့သလို ရုံးခွဲများလည်း တိုးချဲ့ ဖွင့်လှစ်လာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရုံးခွဲများဖွင့်လှစ်ခြင်းသည် အဓိကအားဖြင့် မြန်မာနိုင်ငံရှိအသေးစား၊တပိုင်တနိုင်စီး ပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးစေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။ လုပ်ငန်းစတင်လုပ်ကိုင်သည့် ၂၀၁၅မှ လက်ရှိအချိန်ထိ ကျပ်သန်းပေါင်း ၄၈ ဒသမ ၈၅ ဘီလီယံကို ငွေချေးဖောက်သည် စုစုပေါင်း တစ်သိန်းသုံးသောင်းခန့်ထံ ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် လုပ်ငန်းလုပ်ကိုင်သည့် သက်တမ်း ၃ နှစ်ရှိပြီး ၂ နှစ်ဆက်တိုက် အကျိုးမြတ်ရရှိသည့် ကုမဏီဖြစ်သည့်အတွက် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးကော်မတီမှ အပ်ငွေလက်ခံခွင့်ပြုသည့်လိုင်စင်ကို မကြာသေးခင်ကရရှိခဲ့ပြီး ရုံးခွဲများတွင် အောက်တိုဘာမှစတင်ကာ ငွေချေးဖောက်သည်များထံမှ စိတ်ကြိုက်စုငွေလက်ခံခြင်းကို အစပြုခဲ့သည်။

Hayman Capital အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း စင်ကာပူအခြေစိုက် နိုင်ငံတကာရင်းနှီးမြုပ်နှံမှု ကုမဏီဖြစ်သည့် Hayman Capital Pte.,Ltd မှ ရင်းနှီးမြုပ်နှံ ထားပါသည်။ မြန်မာနိုင်ငံတွင် အသေးစား ငွေရေးကြေးလုပ်ငန်း ကုမ္ပဏီအဖြစ် ၂၀၁၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၅ ဇူလိုင်မှ စတင်ကာ ချေးငွေများကို စတင် ထုတ်ချေးပေးခဲ့သည်။ လက်ရှိတွင် ရန်ကုန် တိုင်းဒေသကြီးတွင် လှည်းကူး ၊ အင်းစိန် ၊ သင်္ဃန်းကျွန်း ၊ ပဲခူးတိုင်း ဒေသကြီးတွင် ပဲခူး ၊ ​ညောင်လေးပင် ၊ ပြည်မြို့၊ ဧရာဝတီတိုင်း ဒသကြီးတွင် ပုသိမ် ၊ ဟသာင်္တ ၊ ကျုံပျော် ၊ မန္တလေးတိုင်း ဒေသကြီးတွင် မန္တလေး ၊ မိတ္ထီလာ ၊ ကျောက်ဆည် မြို့တို့တွင် ရုံးခွဲများဖွင့်လှစ်ထားရှိပါသည်။

ထပ်မံသိရှိလိုသည့်အချက်လက်များအတွက်ဆက်သွယ်ရန်
ထွယ်ဆန်
+95 9970051410